Monday, June 9, 2014

Translation

A note written by Ma Khin Hnin Kyi Thar who is awarded special people's choice 2014. လခနည်းတဲ့ကလေးကို လခနည်းရကောင်းလား ထောက်ပံ့တာ နည်းရကောင်းလားလို့ဆိုပြီး မိသားစုက အိမ်က နှင်ချဖို့ လုပ်သတဲ့။
ကြားရတာ ရင်မောလိုက်ပါဘိ။ ရိုးသားစွာ ရှာစားလို့ လခနည်းတာ ဘာတတ်နိုင်မှာတဲ့လဲ။ လခကောင်းလာဖို့ ကလေးခမျာ ကြိုးစားရှာတယ်။ ဒီလဆို လခတိုးပြီ။
ဒါကိုလည်း မိသားစုက မကျေနပ်နိုင်ဘူးတဲ့။ ငွေများများ အိမ်ပါလာဖို့က အဓိကတဲ့လား။ ငွေအတွက် စာရိတ္တကို ရောင်းစားရမှာလား။ ရိုးသားခြင်းကို ကျောခိုင်းပစ်ရမှာတဲ့လား။


အင်တာဗျုးတစ်ခုမှာ မေးတယ်။ ရန်ကုန်တက်အလုပ် လုပ်ရင်း မိန်းကလေးအချို့ ပျက်စီးကုန်တာ ပြည်ပထွက်အလုပ်ရမယ်ဆိုပြီး ရောင်းစားခံရတာကို ဘယ်လိုပညာပေးရင် ရနိုင်မလဲတဲ့။ ဆက်စပ်မပြချင်တော့ဘူးလေ။
မိသားစုအချို့ကို ပြောပြချင်တာက ကလေးတွေ ငွေအပ်တဲ့အခါ ရိုးသားမှုကြောင့် ရလာတာကိုပဲ အားပေးပါ။
လိုအပ်ချက်တွေအတွက် ကလေးတွေကို ဒုက္ခမပေးပါနဲ့။
ကလေးတွေ ဖြူစင်နေဖို့ပဲ တိုက်တွန်းပေးပါ။
ကျွန်မသိသလောက် ဒီမိသားစုက ငွေသိပ်လိုနေတာမျိုးမဟုတ်ဘူး။ ဒါပေမယ့် ဘာကြောင့် အခုလိုဖြစ်သလဲ စဉ်းစားမရအောင်ဘဲ။
ကလေးခမျာ နေ့စဉ်နဲ့အမျှ စိတ်ညစ်ရ ရှာတယ်။ သနားမိပေမယ့် ဘာတတ်နိုင်မှာတဲ့လဲ။
ကျေးဇူးပြုပြီး အနာဂတ်မှာ ရိုးသားသူတွေ ဦးဆောင်တဲ့ နိုင်ငံမျိုးနဲ့ ကြုံတွေ့ချင်ပါသေးတယ်။ ဒါ့ကြောင့် ခေါင်းဆောင်းလောင်းတွေ ရိုးသားစွာ ဆင်းရဲနေခြင်းကို မနှိမ်ကြပါနဲ့။ စာရိတ္တရောင်းရငွေတွေကို လက်မကမ်းကြပါနဲ့။

No comments:

Post a Comment