Saturday, August 23, 2014

Coming soon book

ကမ္ဘာ့အထူးချွန်အထက်မြက်ဆုံးခေါင်းဆောင် ၅၀
=================================
ေေ ဇော်ဝင်းကြူ(ပျဉ်းမနား)

  ခေါင်းဆောင်မှုကိုဆာလောင်မွတ်သိပ်နေတဲ့ခေတ်ကြီးတစ်ခုထဲမှာ လူတွေကိုစိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်ပေးမယ့် အမျိုးသားနဲ့ အမျိုးသမီး ခေါင်းဆောင်တွေကို ကျွန်တော်တို့တွေ့ခဲ့ဖူးကြပါပြီ။ သူတို့အထဲမှာ တချို့ကကျော်ကြားကြပြီး တချို့ကလူသိနည်းကြပေမဲ့ သူတို့အားလုံးဟာ သူတို့ရဲ့နောက်လိုက်တွေကို ခွန်အားတက်ကြွစေပြီး ကမ္ဘာကြီးကိုပိုပြီးကောင်းလာအောင် လုပ်ပေးနေကြပါတယ်။

Photo:B2B Magazine   




၆။ဒေါ်အောင်ဆန်းစုကြည်
အသက် ၆၈ နှစ်၊
ဥက္ကဋ္ဌ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

ဒီငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အမျိုးသမီးကြီးဟာ မြန်မာ နိုင်ငံကစစ်အုပ်ချုပ်ရေးကို ကန့်ကွက် ဆန္ဒပြဖို့ အတွက် ဗြိတိန်နိုင်ငံ မှာရှိတဲ့ သူ့ရဲ့မိသားစုဘ၀နဲ့ သူ့ရဲ့လွတ်လပ်မှုကို အဆုံးရှုံးခံခဲ့ပါတယ်။ ဒါပေမဲ့ ဆယ်စုနှစ် နှစ်ခုနီးပါး နေအိမ်အကျယ်ချုပ်ချထားခဲ့မှုဟာ ဒီအတိုက်အခံခေါင်းဆောင်ရဲ့သန္နိဋ္ဌာန်ကို မဖြိုခွင်းနိုင်ခဲ့ ပါဘူး။၂၀၁၀ ပြည့်နှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့တဲ့အချိန်က စပြီး သူ့ရဲ့နိုင်ငံရေးပါတီဟာ လွှတ်တော်မှာ အမတ်နေရာဒါဇင်နဲ့ချီပြီး ရလာခဲ့ပါတယ်။ လက်ရှိဥပဒေက ၂၀၁၅ ခုနှစ်မှာ သူသမ္မတအဖြစ် ၀င်ပြီးအရွေးခံလို့မရအောင် တားဆီးထားပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စ ဟာလည်း မကြာခင်မှာ ပြောင်းလဲသွားနိုင်ပါတယ်။
(Myanmar B2B Management Magazine,September 2014)

No comments:

Post a Comment