Wednesday, August 6, 2014

English teacher from Buffalo

 Saya Maung Maung Wann is an English teacher, currently living in Buffalo, New York. He was a political prisoner in Myanmar in the past due to his political activities. At present, he is teaching English through a website and volunteering in English teaching. Last month, in the last week of July 2014, he went back to Myanmar for a visit and volunteered in free English teaching for young people. He was deported to Thailand by the local authority in Yay-nan-chaung township. Local authorities are transformed military group and are abusing their authority. Saya Maung Maung Wann is a famous English teacher and he is now in Bangkok. Unexpected deportation from mother land and currently at Lemonseed Rooms,
595 - Soi Petchaburi 11,Petchaburi Rd, Phayathai,Rajthevee, BKK - 10400. 

It is currently the most unjustified issue for the Myanmar people visiting the mother land.
Following is his facebook update on his wall written in Burmese about his deportation from Myanmar.

မြန်မာပြည်မှ နှင်ထုတ်ခံခဲ့ရတဲ့ အကြောင်း က ရေနံချောင်းမှာ စာစသင်မယ်လုပ်
တော့ လ၀က က Social Visa နဲ့ အခမဲ့ ပဲဖြစ်ဖြစ်...အခကြေးငွေနဲ့ပဲဖြစ်ဖြစ်..စာ
သင်ကြားခွင့်မရှိကြောင်း လာပြောပါတယ်။ မိမိအနေနဲ့က ရန်ကုန်မှာ ထောင်နဲ့ချီ
တဲ့ ကျောင်းသားများကို ပို့ချလာတာဘာမှမဖြစ်တဲ့အတွက်...ရေနံချောင်းမှာလည်း
ကြေငြာထားသည့်အတိုင်း ဆက်လက်သင်ကြားမှာဖြစ်တဲ့ အကြောင်း တုန့်ပြန်ပြော
ကြားခဲ့ပြီး ဆက်လက်သင်ကြားခဲ့ပါတယ်။ ဒါ့အတွက် ဒုတိယနေ့ စာသင်ကြားအပြီး
ညမှာ လ၀က နဲ့ ရဲများက ( အထက် ဖိအားအရ ) မော်တော်ကားနဲ့ ကျနော့်အား
တောက်လျှောက်ခေါ်ဆောင်ပြီး လေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာသည်အထိတာဝန်
ယူလုပ်ဆောင်ခဲ့ပါတယ်။ ၀န်ထမ်းများအနေနဲ့ ဖိအားအရ တာဝန်နဲ့အညီလုပ်ဆောင်
ခြင်းကို ကျနော့်အနေနဲ့ အပြည့်အ၀နားလည်ပေးနိုင်ပါတယ်...သို့သော် မရှင်းတဲ့အချက်
က မြို့နယ် လ၀ကမူးမှ ကျနော့်အား ဥပဒေ အကြောင်းအချဉ်းအရာ စာအုပ်ကိုဖတ်ပြ
ရှင်းလင်းရာမှာ ( ၄-၂ အဆိုပါစည်းကမ်းချက်အားလုံးသည် ထိုအခွင့်လက်မှတ် ဗီဇာ ရသူအား ပြည်ထောင်စုမြန်မာနိုင်ငံတွင်းသို့ဝင်ခွင့်ပြုထားသော သို့တည်းမဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်ခွင့်ပြုထားသော စည်းကမ်းချက်များဟု မှတ်ယူရမည်။ ထိုစည်းကမ်းချက် တစ်ခုခုကို ချိုးဖောက်လျှင် ထိုလက်မှတ်ရသူသည်…ပြည်ထောင်စုမြန်မာနိုင်ငံမှ နှင်ထုတ်စေရန်…နိုင်ငံတော်သမ္မတက ညွှန်ကြားပါက နှင်ထုတ်ခြင်းခံရမည်။ )
အခု ကျနော့်ကို နှင်ထုတ်ဖို့ ညွှန်ကြားသူမှာ မကွေးတိုင်း အစိုးရမှ ၀န်ကြီး
ချုပ် ( ဦးဖုန်းမော်ရွှေ ) ဖြစ်သည်ဆိုလျှင်...ယင်း ၀န်ကြီးချုပ်သည်...သမ္မတ အခွင့်အာဏာကို
လုပ်ပိုင်ခွင့်ရှိမရှိ သိချင်ပါတယ်။ ဥပဒေ စကားကိုတွင်တွင်ကျယ်ကျယ်ပြောဆိုနေသူကိုယ်
တိုင်က...ဥပဒေကိုသဲသဲကွဲကွဲမသိ...လုပ်ချင်ရာလုပ်တယ်လို့ပဲမှတ်ယူမိပါတယ်။ ဆိုရိုးတစ်
ခုရှိပါတယ်.....( လူတစ်ယောက် စကားသုံးခွန်းပြောလိုက်ပါ..စာသုံးကြောင်းရေးလိုက်ပါ
ခြေလှမ်းသုံးလှမ်း..လှမ်းလိုက်ပါ...ဥပဒေနဲ့လွတ်ရင် ကြိုက်သလိုပြောတဲ့ )..ကျနော် စာသင်
ကြားခြင်းကို ဥပဒေနဲ့ မညီဆိုရင်....လူကြီးမင်းကိုယ်တိုင်ကရော....ဥပဒေနဲ့ ဘယ်လောက်
ညီအောင်လုပ်ဆောင်နေပါသလဲ....မေးခွန်းထုတ်ချင်ပါတယ်။.....ထိုင်းနိုင်ငံမှာ သာမာန်
နိုင်ငံခြားသား ခရီးသွားလာခွင့် ဗီဇာနဲ့...Volunteer အလုပ်များကို လုပ်ဆောင်နေသူများ
အား ထိုင်း အစိုးရမှ ပြန်မောင်းထုတ်တယ်လို့ မကြားဘူးပါ။
ယခု ကျနော် ကြုံတွေ့လိုက်ရသော အဖြစ်အပျက်က ကျနော်အပါဝင် နိုင်ငံ
ခြားသားများအနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်ပြီး စေတနာဝန်ထမ်း အလုပ်လုပ်ပါမည်
ဆိုသော်ငြားလည်း...အုပ်ချုပ်သူများ ၏ စိတ်ရူးပေါက်မူ့ အပေါ်တည်မှီပြီး သိက္ခာမဲ့သောအလုပ်
များကို အလုပ်ခံရဖို့ အချိန်မရွေးဖြစ်နိုင်ပါတယ်ဆိုတာကို ဖော်ပြနေတာပဲဖြစ်ပါတယ်။သွား
ရောက်မဲ့သူများကိုလည်း....သတိပေးရပါလိမ့်မည်။ ပညာဆိုတာကို တန်ဖိုး ထားရကောင်းမှန်း
မသိ.....အရာရာကို စစ်မြေပြင်လို့သဘောထားနေမည်ဆိုပါရင်...နောက်ထပ် အနှစ် ငါးဆယ်
ကြာတောင် တိုင်းပြည်မတိုးတက်နိုင်ပါ။
ပြည်ထောင်စု ၀န်ကြီးတစ်ဦးမှ ကျနော့်အား ထိုင်းနိုင်ငံတွင် ပြန်လည်
ဗီဇာတင်ပါက ပြန်လာခွင့် ပြုမည်ဟု ဆိုငြားလည်း....ယုံကြည်ရန်.ခွန်အားမရှိတော့ပါ.......။
အမေရိကားသို့ပဲပြန်ပါတော့မည်...ယင်းဖြစ်ရပ်အား အမေရိကန်အစိုးရအပါဝင် နိုင်ငံတကာ
သိအောင် ဆက်လက်ကြိုးပမ်းပါတော့မည်။
Saya Maung Maung Wann( Photo: Internet)

No comments:

Post a Comment