Wednesday, December 31, 2014

မတရားအမိန့် နဲ့  ထောင်ချက်ချင်းချနေပြီ

၃၀.၁၂.၂၀၁၄ ရက်နေ့ 
နေ့ လည် ၁၂း၃၀ မိနစ်အချိန်
ဒဂုံမြို့နယ် တရားရုံးတွင်
ကိုနေမျိုးဇင် မနော်အုန်းလှ မစိန်ထွေးတို့ သုံးဦးအား


ဒဂုံမြို့နယ် မြို့မရဲစခန်းမှ ဒုရဲမှူးသောင်းစိန်မှ
ပ/၂၇၁/၂၀၁၄
ပုဒ်မ ၂၉၄/၅၀၆/၃၅၃/၁၄၇/၁၄၉/၅၀၅(ခ) တို့ ဖြင့်
တရာလိုပြုလုပ်ကာ အင်းစိန်အကျဉ်းထောင်တွင်
၃၀.၁၂.၂၀၁၄ ရက်နေ့ မှ ၁၃.၁.၂၀၁၅ ရက်နေ့ အထိ
ချုပ်မိန့် ပေးခဲ့ပြီး နေ့ လည် ၀၂း၁၅ မိနစ်အချိန်တွင်
၎င်းတို့ သုံးဦးအား အင်းစိန်အကျဉ်းထောင်သို့ 
ပို့ ဆောင်ခဲ့ကြသည်။

တရားသူကြီးမှ ဖတ်ပြရာတွင်
ကိုနေမျိုးဇင်
ကိုတင်ထွဋ်ပိုင်(မြောက်ဥက္ကလာ)
ကိုသန့် ဇင်(ပန်းဘဲတန်း)
ဒေါ်နော်အုန်းလှ
မစိန်ထွေး
မစန်းစန်းဝင်း(တောင်ဒဂုံ)
ဒေါ်မြညွှန့် 
စုစုပေါင်း (၇)ဦး တို့ အား အမှု့ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း
တရားရုံးအနေဖြင့် ၎င်းပုဒ်မများဖြင့် ငြိစွန်းသည်
မငြိစွန်းသည်မှာ စစ်ဆေးလျှင် ပေါ်ပေါက်လာမည်
ဖြစ်ကြောင်း ရှင်းပြခဲ့သည်။
နေ့ လည် ၀၂း၁၅ မိနစ်အချိန်တွင်
ဖမ်းဆီးထားသူ သုံးဦးအား အင်းစိန်အကျဉ်းထောင်သို့ ပို့ ဆောင်ခဲ့ကြသည်။
မူရင်း ဒီမိုမင်း
လေးစားလျက်

No comments:

Post a Comment